Pre-order “Life Beyond Success”

ဘန်ကောက်မှာရှိတဲ့ မြန်မာများအတွက် မန္တလေးမြို့ရဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာမြင့်မြင့်ခင်နဲ့ Pathumwan မှာ ဖွင့်မယ့် BamBite ရဲ့ Soft Opening မှာတွေ့ဆုံနိုင်မယ့်အခွင့်အရေး 📖 “အောင်မြင်မှု၏ အခြားတစ်ဘက် (Life Beyond Success)” “လောကမှာ ကျွန်မတို့အားလုံးအောင်မြင်မှုနောက်ကို အပြေးအလွှားလိုက်နေခဲ့ကြတယ်။ ဒါပေမယ့်… အောင်မြင်မှုရဲ့ အထွတ်အထိပ်ရောက်တဲ့အခါ ကျွန်မတို့တကယ်ပဲပျော်ရွှင်နေရဲ့လား? ကျွန်မတို့တည်ဆောက်ထားတဲ့ ပတ်ဝန်းကျင်ကရော နွေးထွေးလုံခြုံမှု ရှိရဲ့လား? ကျွန်မတို့တွေရဲ့ကိုယ်ပိုင် ဘဝနဲ့ မိသားစုစီးပွားရေးတွေကရော Legacy အဖြစ်ကျန်ရစ်ခဲ့မှာလား?” ဒေါက်တာမြင့်မြင့်ခင် (မန္တလေး) ကိုယ်ပိုင်ဆိုင်ထားတဲ့ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်ကို ပြန်ရှာဖွေချင်တဲ့သူတွေ၊ အောင်မြင်မှုနောက်ကွယ်မှာ ရှိနေတဲ့ အဓိပ္ပါယ်ကို ရှာဖွေချင်တဲ့သူတွေအတွက် မန္တလေးမြင့်မြင့်ခင်ထိုးမုန့်ရဲ့ မိသားစုစီးပွားရေးနဲ့ ပတ်သတ်ပြီးဖြစ်ပေါ်လာတဲ့ အောင်မြင်မှုနဲ့ ထိုအောင်မြင်မှုနောက်ကွယ်မှ ဘဝရဲ့တန်ဖိုး အကြောင်းအရာများကို ဖတ်ရှုချင်ရင်တော့ အခုပဲမှာယူနိုင်ပါပြီရှင့်။ ✨ […]