Fried Coconut Traditional Rice Cake (Special)
သမိုင်းမှတ်တမ်းများအရ ကုန်းဘောင်ခေတ် မန္တလေးမြို့၊ မြက်ဖျားရပ်မှာ အခြေချရင်း သူတို့ရဲ့ ရိုးရာမုန့်လုပ်နည်းတွေကို မြန်မာ့ကုန်ကြမ်းတွေနဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်ခဲ့ကြရာကနေ ထိုးမုန့်ကို စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ စပယ်ရှယ် အုန်းကြော် ထိုးမုန့် ဟာဆိုရင် မွှေးကြိုင်ပြီး ကြွပ်ရွနေအောင် ကြော်ထားသော အုန်းသီးမျှင်လေးရယ်၊ နူးညံ့စေးပိုင်သော မုန့်သားကောက်ညင်းစစ်စစ်တို့နှင့် အချိုအရသာ အနေတော်လေးရယ်ပေါင်းစပ်ပြီးလုပ်ထားသော ထိုးမုန့်လေးဟာဆိုရင် တစ်လုပ်စားလိုက်တိုင်း အုန်းသီးကြော်မွှေးမွှေးလေးရဲ့ ကြွတဲ့အထိအတွေ့နဲ့ ထိုးမုန့်ရဲ့ ဆိမ့်အိတဲ့ အရသာကို တစ်ပြိုင်နက် ခံစားရမှာပါ။