လမုန့်ဟာ တရုတ်ရိုးရာအရ ပဲအနှစ်၊ ကြာစေ့အနှစ်တို့နဲ့ပြုလုပ်ထားတာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ ဟောင်ကောင်နဲ့ စင်ကာပူလိုနိုင်ငံတွေကနေနေSnow Skin Mooncake" တွေ စတင်ခေတ်စားလာပြီး အရှေ့တောင်အာရှရဲ့ ဒေသထွက် အုန်းနို့အရသာနှင့် အနောက်တိုင်းအရသာဖြစ်တဲ့ Chocolate ရဲ့ အခါးဓာတ်ကို ပိုမိုနူးညံ့စေပြီး စိမ့်တဲ့အရသာကို လမုန့်ပုံစံနဲ့ ပြန်လည်အသက်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် လူငယ်တွေနဲ့ ရိုးရာလမုန့်အချိုကဲတာကို မကြိုက်သူတွေအတွက် Chocolate Coconut Cream Mooncake အဖြစ် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ချောကလပ်ရဲ့ အနက်ရောင်နဲ့ အုန်းနို့အနှစ်ရဲ့ အဖြူရောင် ပေါင်းစပ်မှုဟာ မြင်ရတာလည်း လှပသလို၊ စားလိုက်ရင်လည်း ရိုးရာအရသာထက် ပိုမိုပေါ့ပါးလန်းဆန်းစေပါတယ်။
No reviews yet.
Describe your experience of using the product.